Skip to main content

ပုံစံ ၁၀၅ ကို ဂရန်အမည်ပေါက်ရအောင် ဘယ်လိုလျှောက်ရမလဲ

ကျွန်တော့်မြေကွက်ပုံစံ(၁၀၅) ကျထားပြီးဖြစ်တာကို ဂရန်အမည်ပေါက်ရအောင် ဘယ်လို လျှောက် ထားရမလဲ ဆိုတာကို သိပါရစေ။

 ဒီမြေစာရင်းပုံစံ (၁၀၅) ကိုဘယ်လိုရထားသလဲ၊ မည်သည့်ကိစ္စအတွက် ထုတ်ပေးသည်ဆိုတဲ့ အောက်က မြေစာရင်းပုံစံ(၁၀၅)ကို ထုတ်ပေးထားတဲ့

ရည်ရွယ်ချက်အကြောင်းအရာက အဓိက ကြပါတယ်။

မြေဌားဂရန်လျှောက် ထားရန်လို.ဖေါ်ပြထားရင် တော့ဒီမြေစာရင်းပုံစံ (၁၀၅) ကိုတွဲပြီးတော့ ဂရန်လျှောက် လို.ရပါတယ်။
ဒါမှမဟုတ်ပဲ အခြားနည်း စာချုပ်စာတမ်းမှတ်ပုံတင်ရန်တို.၊အရောင်းအဝယ်စာချုပ်ချုပ်ရန်တို.၊  တရားရုံးတွင်တင်ရန် ၊ မိမိလက်ဝယ်ထိန်းသိမ်းထားရန် ရည်ရွယ်ချက်နဲ.ထုတ်ပေးထားတဲ့ မြေစာရင်းပုံစံ (၁၀၅) တို.နဲ.ဂရန်လျှောက် လို.မရနိုင်ပါဘူး။

 

ရေးကူးပေးသည့်အကြောင်းအရာ နမူနာပုံစံ



ဂရန်လျှောက် ခဲ့ရင်လည်းပဲ ဒါ မြို.နယ်၊ကျေးရွာနည်းဥပဒေအရ ပုဒ်မ (၁၁) မှာကိုက ဂရန်လျှောက် ထားရင်လျှောက်ထားတဲ့မြေကို နယ်နိမိတ်တိုင်းတာသတ်မှတ်ပြီးကြောင်းဝင်ခံချက်တနည်းအားဖြင့် မြေနယ်သတ်ဥပဒေအရတိုင်းတာပြီး ဖြစ်ကြောင်းဝန်ခံချက်ပါရမှာ ဖြစ်သလို၊ အစိုးရကမြေတိုင်းပြီးဖြစ်ရင်လည်း မြေတိုင်းထားတဲ့မြေပုံကနေ မိတ္တူကူးတဲ့ မြေကွက်မြေပုံပါရမယ်လို. နည်းဥပဒေမှာ အတိအလင်းပါတာဖြစ်တဲ့အတွက် လျှောက်ထားမဲ့မြေဟာ လက်ရှိလည်းပဲ ဂရန်မရသေးပဲ သုံးနေတယ်၊ မြေစာရင်းပုံစံ (၁၀၅)ထဲမှာလည်း သုံးနေကြောင်းမြေစာရင်းဌာနက  မှတ်တမ်း တင်ပေးထားတယ်ဆိုရင်တော့ ဒီဟာနဲ.တကွ လိုအပ်တဲ့ အထောက်အထားတွေပါ တွဲပြီးတော့ ဂရန်လျှောက်ထားမယ်ဆိုရင်ရပါမယ်။

ပုံစံ( ၁၀၅) မှာကိုက မြေဌားဂရန်လျှောက်ထားရန်အတွက်လို.ပါရင်တော့ ဂရန်လျှောက်လို.ရပါမယ်။ အဲဒီလို.မှတ်ချက်မပါရင်တော့ လျှောက်လို.မရနိုင်ပါဘူး။

Ref : DVB Law Lab